မှေးမှိန်နေသော မြန်မာ့အားကစားအတွက် အောင်လအန်ဆန်းနဲ့ သက်ထားသူဇာကပေးတဲ့ သီတင်းကျွတ်လက်ဆောင်




မြန်မာတို့ရဲ့ နေ့ထူးနေ့မြတ် လထူးလမြတ်တစ်ခုလို့ ပြောရမယ့် သီတင်းကျွတ်ကာလမှာ လူကြီးမိဘတွေကို ကန်တော့ကြသလို၊ လက်ဆောင်တွေလည်း ပေးခဲ့ကြပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံသားအားလုံးအတွက် သီတင်းကျွတ်လက်ဆောင်အဖြစ် အောင်လအန်ဆန်းနဲ့ သက်ထားသူဇာတို့ဟာလည်း နိုင်ငံအတွက် လက်ဆောင် ပေးခဲ့ကြပါတယ်။ ဒါကတော့ အောင်လအန်ဆန်းဟာ မကြာသေးမီကမှ ဖီလစ်ပိုင်နိုင်ငံသားကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ပါတယ်။ သူ့လိုပဲ သက်ထားသူဇာဟာလည်း အီဂျစ်မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ ကြက်တောင်ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်းပါပဲ။

သူတို့ ၂ ဦးရဲ့ စွမ်းဆောင်နိုင်ရည်တွေကတော့ မြန်မာ ပရိတ်သတ်ကြီး အသိပဲဖြစ်ပါတယ်။ သူတို့တွေကို တစ်နိုင်ငံလုံးက အသိအမှတ်ပြုခဲ့ပါတယ်။ အခုဆိုရင် သက်ထားသူဇာဟာ နောက်ထပ် ရည်မှန်းချက်ဖြစ်တဲ့ ၂၀၂၀ မှာ ကျင်းပမည့် တိုကျိုအိုလံပစ်အတွက် ပြိုင်ပွဲဝင်နိုင်ဖို့ရန် အမှတ်စုဆောင်းနေတာဖြစ်ပါတယ်။

သူမရဲ့ အဆက်မပြတ်အောင်ပွဲတွေကြောင့် အိုလံပစ်အမှတ်ပြည့်မှီလောက်ပြီလို့ ယူဆရပါတယ်။ သူမရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်ဟာလည်း တဖြေးဖြေးရှေ့သို့ တိုးတက်လာနေပါတယ်။ သူမဟာ ယခုနှစ်အတွင်း UGANDA INTERNATIONAL၊ KENYA INTERNATIONAL၊ FLEET MAURITIUS INTERNATIONAL၊ BENIN INTERNATIONAL၊ COTE D’IVOIRE INTERNATIONAL စသည့်ပြိုင်ပွဲများတွင်လည်း ချန်ပီယံဆုများစွာကို ရရှိထားပါတယ်။

မြန်မာနိုင်ငံအတွက် အခုလို ကျိုးစားနေကြတဲ့ အောင်နိုင်သူ ၂ ယောက်ကိုတော့ ပရိတ်သတ်ကြီးလည်း သူတို့အတွက် ဂုဏ်ယူမိမှာ အမှန်ပါပဲ။ မြန်မာနိုင်ငံရဲ့ အားကစားလောကဟာ မှေးမှိန်နေတယ်ဆိုတာ လက်ခံပါတယ်။ အရင်တစ်ချိန်က မြန်မာ့အားကစားဟာ ရွှေခေတ်ပါပဲ။ အားကစားတိုင်းမှာ အောင်နိုင်သူတွေဟာ မြန်မာနိုင်ငံသားတွေ များစွာပါပဲ။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ တခြားနိုင်ငံတွေဟာ မြန်မာနိုင်ငံကို ကျော်လွန်သွားနိုင်ကြပါတယ်။ တခြားနိုင်ငံတွေရဲ့

လေ့ကျင့်မှု နည်းစနစ်တွေဟာ အဆင့်မြင့်လာတာကြောင့် ဖြစ်မယ်လို့ သုံးသပ်မိပါတယ်။ အခုလို ရွှေခေတ်ကိုကျော်လွန်ပြီး ချန်ပီယံပျောက်ဆုံးခဲ့ပေမယ်လည်း အခုချိန်မှာတော့ အမှောင်ထဲမှာ အလင်းရလာပြီဖြစ်ပါတယ်။ သူတို့ ၂ ဦးလိုပဲ အားကစားတွေ ထူးချွန်ထက်မြတ်ပြီး အောင်ပန်းဆင်နိုင်မယ့် လူငယ်လေးတွေ များများပေါ်ထွက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းလိုက်ပါတယ်နော် …………။

Writer – ME( Shwe Yaung Lan )