Egypt International Series 2019 မှာ India ကစားသမားကိုအနိုင်ရပြီး ကွာတားဖိုင်နယ်ကိုရောက်ရှိသွားပြီဖြစ်တဲ့ လက်ရှိချန်ပီယံ သက်ထားသူဇာ




မြန်မာ့ဂုဏ်ဆောင် ကြက်တောင်အားကစားမယ်လေးဖြစ်တဲ့ သက်ထားသူဇာတစ်ယောက်ကတော့ ၂၀၂၀ မှာ ကျင်းပမယ့် တိုကျိုအိုလံပစ် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး မြန်မာ့ဂုဏ်ဆောင်နိုင်ဖို့အတွက် နိုင်ငံအလိုက် ပွဲစဉ်တွေကို လိုက်လံကစားရင်း အမှတ်စုဆောင်းနေသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာဆိုရင် ပွဲစဉ်တိုင်းလိုလိုမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပြီးတော့ အမြဲကြိုးစားနေတဲ့ အားကစားမယ်လေး တစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမဟာ Egypt International Series 2019 မှာ သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၁၈ ရက်နေ့ကတော့ အိမ်ရှင် အီဂျစ်အားကစားသမား Jana HESHAM MOHAMED ABDELKADER (Egypt) နဲ့ နံနက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပြီးတော့ (21-4, 21-7) အမှတ်များဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။

အီဂျစ်နိုင်ငံရဲ့ ညနေပိုင်း မြန်မာစံတော်ချိန် ည ၁၀ နာရီခန့ှ်မှာ အိန္ဒိယ ကစားမယ် Ritika THERKA (India) ကို (21-17, 24-22) ရလာဒ်များဖြင့် နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီးတော့ ကွာတိုင်းဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီပွဲစဉ်တွေကိုတော့ မြန်မာသံရုံးက တာဝန်ရှိသူများနဲ့ ကိုယ်တိုင်လာရောက်အားပေးကြသူများ ၊ အင်တာနက်မှ တဆင့် ကြည့်ရှုအားပေးခဲ့သူများကိုလည်း သူမအနေဖြင့် ကျေးဇူးအထူးတင်ရှိကြောင်း နဲ့ ကွာတားဖိုင်နယ်ကိုတော့ ယနေ့ မြန်မာစံတော်ချိန် ၀၄ ၃၀ ညနေပိုင်းမှာ Kanika KANWAL (India) နဲ့ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်းသိရှိရပြီးပါတယ်။

နောက်တစ်ဆင့် နောက်တစ်ဆင့်ပြိုင်ပွဲ (Semifinals) ကိုတော့ အီဂျစ်စံတော်ချိန်အားဖြင့် ညနေပိုင်း မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Writer- SMT(Shwe Yaung Lan)