အချစ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ပြသွားတဲ့ တောသူမလေး တဦး – Baganthar




အဲ့လို မိန်းမ ကျွန်တော်ကြိုက်တယ် ၂၁နှစ်ဆိုတော့ ငယ်ဂုဏ်လေးတော့ ရှိပါရဲ့ တောသူဆိုတော့ မပြင်မဆင် ရေမိုးမချိုးတာ ၃-၄ရက်ရှိပြီ ဆိုတော့ နံစော်လို့ နေတာက အောင်လံမြို့ အရှေ့ဘက်မိုင် ၂၀လောက်သွားရတဲ့နေရာ ကျွန်တော် လူနာတွေကို အင်တာဗျူးတာ ဝါသနာပါတယ် ထုံးစံအတိုင်း မေးမြန်းစစ်ဆေးတော့ ညားခါစ လင်မယား (၁နှစ် လောက်တော့ရှိပါပြီ) ယောကျာ်းက အလုပ်လုပ်၇င်း ပြုတ်ကျပြီး Pelvic fracture ရတယ်။

ပြည်ဆေးရုံ ရာက်တယ် မရဘူး …ရန်ကုန်သွား… သူတို့ ရန်ကုန် ရောက်လာကျတယ် အဝတ်တထည် ကိုယ်တခု နဲ့ လက်ထဲ ငါးထောင်တန်လေး ၃ရွက် ကျစ်ကျစ်ပါအောင် ဆုပ်လို့ အဲ့မှာ ကျွန်တော် အင်တာဗျူး စဝင်တော့တယ် အရင် ရန်ကုန်ရောက်ဖူးလား? ကျွန်မ ပြည်တောင် မရောက်ဖူးပါဘူးတဲ့ လေ ပြည်က ဆရာတွေကပြောလိုက်တယ် ရန်ကုန်သွားမှ ကောင်းမှာ ဆိုလို့ အရဲ စွန့်ပြီး လာခဲ့တာပါတဲ့လေ ကြောက်လိုက်တာ ဆရာရယ်တဲ့ စိတ်ထဲ ကြိတ်ချီးကျူးမိတယ် သူတို့ ရန်ကုန် ရောက်လာတယ်ဆိုတာလေ ကိုယ်တွေ စင်ကာပူဆေးသွားကု သလောက်ရှိတယ် သူတို့ ကိုယ်ကို ဘတ်နေတာ မဟုတ်ဘူး သူတို့ ရိုးသားစွာပြောနေတယ်ဆိုတာ ကျွန်တော့ အတွေ့အကြုံအရ သိနေတယ် သူတို့ လင်မယား ကို ကျွန်တော် ညိသွားတယ် ကိုယ့်စိတ်တ်ထဲမှာ သူတို့ရှိသွားတယ် တောက်လျောက်ကြည့်ပေးပြီး ကျွန်တော် လုပ်ပေးနိုင်တာတွေ အစွမ်းကုန် လုပ်ပေးလိုက်တယ် ဒီလိုနဲ့ pelvic fracture ကြီး ကို ပိုက်ဆံ တသောင်းခွဲနဲ့ ခွဲဖြစ်သွားတယ် ဆိုပါတော့

မနက်တိုင်း ဆေးရုံရောက်တာနဲ့ သူတို့နဲ့ သွား သွား စကားပြောဖြစ်တယ် သူတို့ လင်မယားကို ကျွန်တော်ကြိုက်လို့ ကျွန်တော် သိချင်တာတွေ သွား သွား မေးတယ် ကောင်မလေးက စာ သိပ်မတတ်ဘူး ၄တန်းလားပဲ ဒါပေမယ့် ခိုင်းလိုက်ရင် သွက်လက်ချက်ချာစွာ လုပ်ပေးတယ် ကျွန်မတို့က တောသူတွေ ပါ စာ မတတ်ဘူး ဘာမှနားမလည်ဘူး ဆိုတဲ့ ကြားနေကြ စကားတွေ သူစီမှာ မကြားရဘူး သွေးဖောက်ခိုင်းတယ် စာရွက်စာတမ်းသွားပေးခိုင်းတယ် မသိဘူး မသွားတတ်ဘူး မပြောဘူး မေးစမ်းပြီး ရအောင်သွားတယ်။

ဆရာဝန် ဆရာမနဲ့ တဲ့အောင်နေမှ သူယောကျာ်း ရောဂါသက်သာမယ်ဆိုတာ သူသိတယ် ဒါလုပ်ဆို လုပ်တယ် ထိုင်ဆိုထိုင် ထဆိုထ သူ့ ယောက်ျား သက်သာဖို့ ဆို သူဘာလုပ်ရလုပ်ရ ဆိုတဲ့ ပုံစံမျိုး ဆရာဝန် ဆရာမ ချစ်အောင်နေတတ်တယ် တရက် ဆေးရုံဆင်းခါနီး ကျွန်တော် သူတို့ ကုတင်နားရောက်သွား တော့ ရောဂါအကြောင်းရှင်းပြရင်းနဲ့ ပြောမိတယ် နင့် ယောကျာ်းက တသက်လုံး အလုပ်ကြမ်း လုပ်လို့မရတော့ဘူး ညည်း ဘယ်လို လုပ်မလဲ ဆိုတော့

တောသူတောင်သားဆိုတာ ဆရာဝန် ဆို စေ့စေ့တောင်ကြည့်ရဲကြတာ မဟုတ်ဘူး ဘာလို့မှန်းလဲ မသိ ကိုယ်တွေဆို သူတို့ က ရေလည် ကျွတ်နေကြတာ အလို တောသူမလေးက ကျွန်တော့ မျက်လုံးကို စေ့စေ့ ကြည့်ပြီး ပြောသွားတယ် ကျွန်မကိုရှာကျွေးရင်းနဲ့ သူဖြစ်တာ ကျွန်မ ပြန်လုပ်ကျွေးရမှာပေါ့တဲ့လေ သူ ကျွန်တော့ကိုကြည့်တဲ့ မျက်လုံးတွေ ဟာ စာချုပ်တခုထက် ခိုင်မာတယ်ဆိုတာ ကျွန်တော် ခံစားလို့ရလိုက်တယ် တပြိုင်တည်းမှာပဲ ကွန်တော် သူကို လေ ကျွန်တော့ ဖေ့ဘုတ် ဖွင့်ပြ ချင်မိတယ်။

ကျွန်တော့ acc ထဲမှာ i ph ကြီးတင်လိုတင် ပုတ်လောက်ရှိတဲ့ မွေးနေ့ကြီး နဲ့ I love u တို့ သိပ်ချစ်သွားပြီ ခိုခို တို့ ဘာမလုပ်၇လို့ စိတ်ကောက်တယ်တို့… ညာ မလုပ်ရလို့ ဘာဖြစ်တယ်… ဘာမလုပ်ရလို့ ညာဖြစ်တယ်တို့… ပို့စ်တွေ ပြကြည့်ချင်မိတယ် သူလေးလဲ အချစ်ကို ခံစားဖူးမှာပါ ဒီလို့ မျိုးတွေ သူသိရင် သူ့ကွန်းမန့်ကို ကျွန်တော် ကြားချင်မိတယ် သူဝမ်းနည်းလေမလား ဒါမှမဟုတ် ဒါလား ဟဲ့ အချစ်လို့များ သူဟား….တိုက်လေမလား

Nay Aung Zin

Source link