ကမ္ဘာ့ချန်ပီယံကြီး မြန်မာ့ဂုဏ်ဆောင် သူရဲကောင်းအောင်လအန်ဆန်းကို အားပေးကြပါဦးနော်








====

Unicode

ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ် တန်း ကမ္ဘာ့ချန်ပီယံအောင်လအန်ဆန် ၏ လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ကာကွယ်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ ၌ ကျင်းပမည် ဖြစ်ပြီးတော့ အောင်လအန်ဆန် ကတော့ ယနေ့မှာ ဂျပန်နိုင်ငံကို စတင်ထွက် ခွာသွားပြီ ဖြစ်ပါတယ်။

အောင်လအန်ဆန်သည် လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲ အဖြစ် ဖိလစ်ပိုင်နိုင်ငံ သား ဘရန်ဒါဗီရာနှင့် ထိုးသတ်မည်ဖြစ်ပြီး ချန်ပီယံဆု ရအပြီး နှစ်နှစ်နီးပါးအကြာမှ ပထမဆုံး ကာကွယ်ပွဲ ထိုးသတ် ရခြင်းဖြစ်ပါတယ်။

ဘရန်ဒန်ဗီရာ သည် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ် ပြီး ကိုယ်အလေးချိန်လျှော့ချကာ ယှဉ်ပြိုင် ထိုးသတ်ခြင်းဖြစ် သလို အောင်လအန်ဆန်မှာလည်း ယခုပွဲအတွက် ကိုယ်အလေး ချိန်မြင့်ကာ ယှဉ်ပြိုင်ထိုးသတ်ရ မည်ဖြစ်ပါတယ်။ကမ္ဘာ့ချန်ပီယံကြီး မြန်မာ့ဂုဏ်ဆောင် သူရဲကောင်းကြီး အောင်လအန်ဆန်းကို အားပေးကြပါဦးနော်။

Source – Myanmar_Online_News#Aung_La_Nsang#Burmese_Python